ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲ မဲခွဲပွဲ ကျင်းပပြီး ဧပြီလ ၂၅ရက်နေ့တွင် စတင်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှကြီးမှူးကျင်းပသည့် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားကို ဧပြီလ ၈ရက်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ကျင်းပြုလုပ် ခဲ့သည်။ မဲခွဲမှုအရ ပထမအဆင့်ပြိုင်ပွဲ ပွဲစဉ်များကို ဧပြီလ ၂၅ရက်နေ့တွင် စတင်ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲသည် ပြီးခဲ့သည့်နှစ်များတွင် မြန်မာနိုင်ဘောလုံးအဖွဲ့ချုပ် ရှုံးထွက်ဖလား အမည်အဖြစ်ကျင်းပခဲ့ပြီး ယခုနှစ်မှစ တင်ကာ အမည်ပြောင်းလဲ ကျင်းပခြင်းဖြစ်သည်။ ထို့နောက်ပြိုင်ကျင်း မမှု စည်းမျဉ်းများကိုလဲ ပြောင်းလဲခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်-၁ အသင်း ၁၂သင်းနှင့် မြန်မာနေရှင်နယ်လိဂ်-၂ မှအသင်း ၁၀သင်းဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယင်းထဲမှ ပထမအဆင့် ရှုံးထွက် ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်-၂ အသင်း ၁၀သင်းနှင့်အတူ တန်းတက် အသင်းဖြစ်သော ရခိုင်နှင့် ဟံသာဝတီတို့ စုစုပေါင်း ၁၂သင်းဖြင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ အနိုင်ရရှိသော အသင်း ၆သင်းမှာ မြန်မာနေရှင်နယ်လိဂ်-၁ အသင်းကြီး ၁၀နှင့်အတူ ၁၆သင်း ရှုံးထွက်အဆင့်ကို ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်အောင်တန်းဒိုင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်မှစတင်ပြီး အိမ်ကွင်း၊ အဝေးကွင်း စနစ် ဖြင့်ကျင်းပ သွားမည် ဖြစ်ကာ ဆုကြေးငွေများ ကိုလည်း ဆီးမီးဖိုင်နယ်အဆင့် မှစတင် ချီးမြှင့်သွားမည်ဖြစ်သည်။ ဆုချီးမြှင့်မှုအဖြစ် ဆီမီးဖိုင်နယ် အဆင့်ရောက်ရှိစသည့် အသင်းများမှာ ကျပ် ၇၅သိန်း ရရှိမည်ဖြစ်ပြီး ချန်ပီယံအား ကျပ်သိန်း ၃၀၀နှင့် ဒုတိယဆုအား ကျပ်သိန်း ၁၅၀ ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ ပထမအဆင့်၊ ၁၆သင်းရှုံးထွက်နှင့် ကွာတားဖိုင်နယ်ပွဲစဉ်များအား ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်း တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

ပထမအဆင့်ပွဲစဉ်များ

စဉ် နေ့ အသင်း အချိန် ကွင်း

၁။ ၂၅-၄-၂၀၁၅ မောရဝတီ - Horizon ၄း၀၀ သုဝဏ္ဏ

၂။ ၂၅-၄-၂၀၁၅ ဟံသာဝတီ - ဖုန်ဂန် ၄း၀၀ အောင်ဆန်း

၃။ ၂၆-၄-၂၀၁၅ မြဝတီ - GFA ၄း၀၀ သုဝဏ္ဏ

၎။ ၂၆-၄-၂၀၁၅ ငွေကြယ်ပွင့် - တက္ကသိုလ် ၄း၀၀ အောင်ဆန်း

၅။ ၂၇-၄-၂၀၁၅ ဆောက်သမ်း - Best United ၄း၀၀ အောင်ဆန်း

၆။ ၂၇-၄-၂၀၁၅ ဒဂုံ - ရခိုင် ၄း၀၀ သုဝဏ္ဏ

MKZ - Planet Myanmar


Posted in: | Posted by :

မန်ယူ က Robin Van Persie ကို ရောင်းထုတ်ဖို့ စီစဉ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ မန်နေဂျာ Louis Van Gaal ရဲ့ ကစား ကွက် ပြောင်း မှုကြောင့် တိုက်စစ်မှူးကောင်း တစ်ယောက်ဖြစ်တဲ့ Robin Van Persie ကို ရောင်း ထုတ်တော့ မှာ ဖြစ် ပါတယ်။ မန်နေဂျာ Louis Van Gaal ကတော့ သူ့ရဲ့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူး ကို ဖယ်ထုတ်ဖို့ ကြိုး စားနေပါပြီ။ Robin Van Persie နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ကြားက သဘောတူ စာချုပ်ဟာ နောက် ၁၂ လ ဆို ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ဘက် ထပ်မံ ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ Louis Van Gaal ကတော့ Robin Van Persie နေရာမှာ အစားထိုးမယ့် ကစားသမား အဖြစ် PSG အသင်းမှ တိုက် စစ်မှုး Edinson Cavani ကို ကမ်းလှမ်း ဖို့ ပြင် ဆင်နေ ပါပြီ။
Robin Van Persie ဟာ ရာထူး မှ နှုတ် ထွက် လိုက်ရတဲ့ အသင်းရဲ့ မန်နေဂျာ ဟောင်း David Moyes လက်ထပ်မှာ အသင်း အတွက် ၁၈ ဂိုး သွင်းပေးနိုင် ခဲ့ပေမယ့် Louis Van Gaal လက်ထက် မှာတော့ ဒဏ်ရာကြောင့် နားနေခဲ့ရတာ ၆ လ ခန့် ရှိနေ ပါပြီ။ တစ်ကယ်တော့ Loius Van Gaal နဲ့ Robin Van Persie တို့ဟာ ဟော်လန် လက်ရွေးစင် အသင်း မှာ တုန်းက အရမ်း ရင်းနှီး ကြတဲ့ နည်းပြနဲ့ ကပ္ပတိန် တွေဖြစ် ခဲ့ကြပေမယ့်လည်း လက်ရှိ အခြေ အနေ မှာတော့ အသင်းအတွက် မိတ်ဆွေဟောင်း ကို ရောင်း ထုတ်ဖို့ Louis Van Gaal တစ်ယောက် စဉ်း စားနေပါပြီ။


Credit : http://www.mirror.co.uk/sport/football/transfer-news


Posted in: | Posted by :

ရှုံးပွဲတွေ့ပြီး အဆင့် ၄ ကိုရောက်သွားသည့် မန်စီးတီး

မတ် ၇ ရက် မနက်က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်က မန်စီးတီးကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ခရစ္စတယ် ပဲလေ့စ်က အိမ်ကွင်းမှာ ကစားတဲ့ ဒီပွဲမှာ မန်စီးတီးက ရှုံးသွားတဲ့အတွက် ပရီးမီးယားလိဂ် ချန်ပီယံ သရဖူကို ဆက်ထိန်းသိမ်းနိုင်ရး မျှော်လင့်ချက်တွေ ထိခိုက်သွားရပါတယ်။

ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော်နဲ့ တဖက်သတ် အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်လည်း အကြိမ် ၂၀ ကျော် ရခဲ့တာပါ။

မန်စီးတီး ကစားသမားတွေ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။

အရှုံးကြုံတွေ့ရပေမယ့် ပယ်လီဂရီနီက နည်းပြရာထူးနဲ့ အလုပ်ကနေ ပြုတ်သွားမှာကို စိုးရိမ်မှု မရှိဘူးလို့ ပြောပါတယ်။
ဒီအရှုံးကြောင်း မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်မှာ တပွဲလျော့ အမှတ် ၇၀ နဲ့ ဦးဆောင်နေတဲ့ ချဲလ်ဆီးနောက် ၉ မှတ်အကွာကို ရောက်ရှိသွားပါတယ်။

လောလောဆယ် စီးတီးဟာ အမှတ်ပေးဇယားမှာ ပြိုင်ဖက် မန်ယူရဲ့နောက် အဆင့် ၄ နေရာကို လျောကျသွားပါတယ်။

From-DVB


Posted in: | Posted by :

ဘောလုံးပွဲရလဒ်များ (ဧပြီ ၅ရက်)

ဘန်လေ ၀ - ၀ စပါး
ဆန်းဒါးလန်း ၁ - ၀ နယူးကာဆယ်

လီဂူး-၁

ဘော်ဒိုး ၂ - ၁ လန်းစ်
နန့်စ် ၁ - ၂ ကိန်း
မာဆေး ၂ - ၃ ပီအက်စ်ဂျီ

ဘွန်ဒက်စ်လီဂါ

အော့စ်ဘတ် ၀ - ၀ ရှော်လ်ကေး
ဟာသာဘာလင် ၂ - ၀ ပါဒါဘွန်

လာလီဂါ

ရီးရဲလ် ၉ - ၁ ဂရန်နာဒါ
ဗလင်စီယာ ၀ - ၀ ဗီလာရီးရဲလ်
ဂီတာဖေး ၂ - ၁ ဒီပို့တီဗို
ဆယ်တာဗီဂို ၀ - ၁ ဘာစီလိုနာ

Nz ရိုးရာလေး
www.yoyarlay.com


Posted in: | Posted by :

အာဆင်နယ်နှင့် မန်ယူ ဂိုးပြတ်နိုင်ပွဲများဖြင့် အမှတ်ပေးဇယား (၂)၊ (၃)သို့ ရောက်လာ

စနေညတွင် အာဆင်နယ်နှင့် မန်ယူအသင်းတို့က ပြိုင်ဘက်များကို ဂိုးပြတ်နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား၏ ၂ နှင့် ၃ သို့ အသီးသီးရောက်ရှိလာသည်။

အာဆင်နယ်နှင့် လီဗာပူးတို့ ပွဲတွင် ပထမပိုင်းမှာပင် အာဆင်နယ်က ၈ မိနစ်အတွင်း သုံးဂိုးသွင်းယူခဲ့ပြီး ၄-၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ယခုပွဲအနိုင်ကြောင့် အာ ဆင်နယ်၏ ပရီးမီးယားလိဂ် ချန်ပီ ယံဖြစ်ရေး မျှော်လင့်ချက်များ အ နည်းငယ် တောက်ပလာပြီး လာ မည့်နှစ် ချန်ပီယံလိဂ်နေရာ ပိုမို ခိုင်မာလာသည်။

လီဗာပူး၏ ချန်ပီယံလိဂ် မျှော်လင့်ချက်မှာမူ ပိုမိုမှေးမှိန်သွားသည်။

ဘယ်လာရင်၊ အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့က ပထမပိုင်းပြီးခါ နီး ၈ မိနစ်တွင် သုံးဂိုးဆက်တိုက် သွင်းယူခဲ့သည်။

လီဗာပူးအသင်း ခေါင်း ဆောင် ဟန်ဒါဆန်က ချေပဂိုး တစ်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သော်လည်း ပွဲချိန် ၈၄ မိနစ်တွင် အမ်မရီကန် နှစ်ဝါတစ် နီဖြင့် ထွက်ခွာသွားရ၍ လက် ကျန်မိနစ်များကို ဆယ်ဦးတည်း ဖြင့် ကစားခဲ့ရသည်။

ယင်းနောက်ပိုင်း ဂျီရော့ဒ် က နာကျင်အချိန်ပိုတွင် အာဆင် နယ်အတွက် စတုတ္ထဂိုး သွင်းယူခဲ့ သည်။

မန်ယူနှင့် အက်စတွန်ဗီလာ တို့ပွဲစဉ်တွင် မန်ယူမှ ကွင်းလယ်ကစားသမား ဟာရဲရား ခြေစွမ်းပြ၍ နှစ်ဂိုးသွင်းယူခဲ့ပြီး ရွန်းနေလည်း ဂိုးသွင်းခဲ့သည်။ ဟာရဲရားက ၄၃ မိနစ်တွင် အဖွင့်ဂိုးသွင်းယူပေးခဲ့ ပြီး ၇၉ မိနစ်တွင် ရွန်းနေက ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့သည်။မိနစ် ၈၀ တွင် ဘန်တီကီက အက်စတွန်ဗီလာအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး နာကျင်အချိန်ပိုတွင် ဟာရဲရားက ထပ်မံဂိုးသွင်းယူပြီး ၃-၁ ဂိုးဖြင့် ဂိုးပြတ်နိုင်ကာ အမှတ်ပေးဇယား အဆင့်(၃)သို့ ရောက်ရှိလာသည်။

(၆၃)မှတ် ရရှိထားသော အာဆင်နယ်နှင့် (၆၂) မှတ် ရထားသည့် မန်ယူတို့မှာ ခရစ္စတယ်ပဲလေ့စ်နှင့် မယှဉ်ပြိုင်ရသေးသော  မန်စီးတီး (၆၁ မှတ်)ကို ကျော်ဖြတ်၍ ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်နေသည်။

Goal
Credit - 7. Days


Posted in: | Posted by :
Powered by Blogger.

Followers

Follow Templateism

Popular Posts