အာဆင်နယ်နှင့် မန်ယူ ဂိုးပြတ်နိုင်ပွဲများဖြင့် အမှတ်ပေးဇယား (၂)၊ (၃)သို့ ရောက်လာ

စနေညတွင် အာဆင်နယ်နှင့် မန်ယူအသင်းတို့က ပြိုင်ဘက်များကို ဂိုးပြတ်နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား၏ ၂ နှင့် ၃ သို့ အသီးသီးရောက်ရှိလာသည်။

အာဆင်နယ်နှင့် လီဗာပူးတို့ ပွဲတွင် ပထမပိုင်းမှာပင် အာဆင်နယ်က ၈ မိနစ်အတွင်း သုံးဂိုးသွင်းယူခဲ့ပြီး ၄-၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ယခုပွဲအနိုင်ကြောင့် အာ ဆင်နယ်၏ ပရီးမီးယားလိဂ် ချန်ပီ ယံဖြစ်ရေး မျှော်လင့်ချက်များ အ နည်းငယ် တောက်ပလာပြီး လာ မည့်နှစ် ချန်ပီယံလိဂ်နေရာ ပိုမို ခိုင်မာလာသည်။

လီဗာပူး၏ ချန်ပီယံလိဂ် မျှော်လင့်ချက်မှာမူ ပိုမိုမှေးမှိန်သွားသည်။

ဘယ်လာရင်၊ အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့က ပထမပိုင်းပြီးခါ နီး ၈ မိနစ်တွင် သုံးဂိုးဆက်တိုက် သွင်းယူခဲ့သည်။

လီဗာပူးအသင်း ခေါင်း ဆောင် ဟန်ဒါဆန်က ချေပဂိုး တစ်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သော်လည်း ပွဲချိန် ၈၄ မိနစ်တွင် အမ်မရီကန် နှစ်ဝါတစ် နီဖြင့် ထွက်ခွာသွားရ၍ လက် ကျန်မိနစ်များကို ဆယ်ဦးတည်း ဖြင့် ကစားခဲ့ရသည်။

ယင်းနောက်ပိုင်း ဂျီရော့ဒ် က နာကျင်အချိန်ပိုတွင် အာဆင် နယ်အတွက် စတုတ္ထဂိုး သွင်းယူခဲ့ သည်။

မန်ယူနှင့် အက်စတွန်ဗီလာ တို့ပွဲစဉ်တွင် မန်ယူမှ ကွင်းလယ်ကစားသမား ဟာရဲရား ခြေစွမ်းပြ၍ နှစ်ဂိုးသွင်းယူခဲ့ပြီး ရွန်းနေလည်း ဂိုးသွင်းခဲ့သည်။ ဟာရဲရားက ၄၃ မိနစ်တွင် အဖွင့်ဂိုးသွင်းယူပေးခဲ့ ပြီး ၇၉ မိနစ်တွင် ရွန်းနေက ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့သည်။မိနစ် ၈၀ တွင် ဘန်တီကီက အက်စတွန်ဗီလာအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး နာကျင်အချိန်ပိုတွင် ဟာရဲရားက ထပ်မံဂိုးသွင်းယူပြီး ၃-၁ ဂိုးဖြင့် ဂိုးပြတ်နိုင်ကာ အမှတ်ပေးဇယား အဆင့်(၃)သို့ ရောက်ရှိလာသည်။

(၆၃)မှတ် ရရှိထားသော အာဆင်နယ်နှင့် (၆၂) မှတ် ရထားသည့် မန်ယူတို့မှာ ခရစ္စတယ်ပဲလေ့စ်နှင့် မယှဉ်ပြိုင်ရသေးသော  မန်စီးတီး (၆၁ မှတ်)ကို ကျော်ဖြတ်၍ ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်နေသည်။

Goal
Credit - 7. Days


Posted in:

0 comments for "အာဆင်နယ်နှင့် မန်ယူ ဂိုးပြတ်နိုင်ပွဲများဖြင့် အမှတ်ပေးဇယား (၂)၊ (၃)သို့ ရောက်လာ"

Leave a reply

Powered by Blogger.

Followers

Follow Templateism

LATEST POSTS

Popular Posts