FIFA အမျိုးသမီးကမ္ဘာ့ဖလား အမေရိကန် ဗိုလ်စွဲ

၂၀၁၅ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲဖိုင်နယ်ကို ကနေဒါနိုင်ငံ ဗန်ကူဗားမြို့မှာ အမေရိကန် နဲ့ ဂျပန်အသင်းတို့ ကစားခဲ့ကြတာမှာ အမေရိကန် အသင်းက ၅ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ကမ္ဘာ့ဖလားကို ဗိုလ်စွဲသွားပါတယ်။ အမေရိကန်အတွက် ကာလီလွိုက်ဒ် (Carli Lloyd) က ၃ ဂိုး၊ ဟောလီးဒေး (Holiday) နဲ့ ဟိသ် (Heath) တို့က သွင်းခဲ့တာဖြစ်ပြီး ဂျပန်ဘက်အတွက် ဂိုးတွေကိုတော့ အိုဂိမိ (Ogimi) က ၁ ဂိုး၊ အမေရိကန် နောက်တန်းလူ ဂျွန်စတင် ကိုယ့်ဂိုးကိုယ် ၁ ဂိုးသွင်းပေးခဲ့ပါတယ်။

အမေရိကန်အသင်းဟာ ပွဲစတာနဲ့ ဂျပန်အသင်းဘက်ကို အင်တိုက်အားတိုက် ထိုးဖောက်ခဲ့တာကြောင့် ပွဲချိန် ၂ မိနစ်နဲ့ ၄ မိနစ်မှာ အမေရိကန်အသင်း ခေါင်းဆောင် Carli Lloyd က ၂ ဂိုးသွင်းယူခဲ့ပါတယ်။ အမေရိကန်အတွက် တတိယဂိုးကိုတော့ အမေရိကန်အသင်းက Holiday က သွင်းယူခဲ့ပြီး စတုတ္ထဂိုးကိုတော့ Carli Lloyd က ဂျပန်ဂိုးသမား ရှေ့ထွက်နေတာကို အခွင့်ကောင်းယူပြီး ကွင်းလယ်စည်းကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂျပန်အသင်းက ဒုတိယပိုင်းအစမှာ ဂျပန်အသင်းက ဂိုးရှေ့တင်တာကို အမေ၇ိကန်နောက်တန်းလူ ဂျွန်စတင် ခေါင်းတိုက်ဖျက်ထုတ်တာမှာ ကိုယ့်ဂိုးကိုယ် သွင်းလိုက်မိတဲ့အတွက် ဂျပန်အသင်း ဒုတိယဂိုးရခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အသင်းက ဟိသ် (Heath) က ၂ မိနစ်အကြာမှာ ပြန်သွင်းလိုက်လို့ နောက်ဆုံးမှာ အမေရိကန်က ၅ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားကို ၁၉၉၁ နဲ့ ၁၉၉၉ ခုနှစ်တွေမှာလည်း အနိုင်ရခဲ့တာကြောင့် ဒါဟာ အမေရိကန်အတွက် တတိယအကြိမ် ဗိုလ်စွဲတာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ဖိုင်နယ်မှာ ၃ ဂိုးသွင်းသွားတဲ့ အမေရိကန်အသင်းခေါင်းဆောင် Carli Lloyd က ရသွားပြီး ဂျပန် အသင်းခေါင်းဆောင် မီယာမကတော့ တတိယအကောင်းဆုံးဘောလုံးသမားဆုကို ရသွားပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆုကိုတော့ အမေရိကန် ဂိုးသမား Hope Solo က ရရှိသွားခဲ့ပါတယ်ခင်ဗျာ။

From-VOA


Posted in: | Posted by :

ဆာဂျီယို ရာမို့စ် မန်ယူ သို့ ရောက်ရှိရန် နီးစပ်လာ

ဆာဂျီယို ရာမို့စ် ဟာ မန်ချက်စတာယူနိုက်တက် အသင်း သို့ ပြောင်းရွှေ့ချင်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ကြောင်း ဂရေဟမ် ဟန်တာ က စကိုင်းစပေါ့ သို့ပြောကြားခဲ့ပါတယ်။

ဂရေဟမ် က """ ဆာဂျီယို ရာမို့စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ပြောင်းရွှေ့ချင်နေပြီး သူဟာ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်ပါတယ်၊ ရာမို့စ် ဟာ သူ့ကို နောက်ထပ် အရောင်းစာရင်တင်သွားမှာ ကို အလိုမရှိတော့ပါဘူး၊ ယူနိုက်တက် အသင်း က ကမ်းလှမ်းလာမှာ ကိုပဲ နားထောင်ချင်နေပါတယ်""" လို့ စကိုင်း စပေါ့ သို့ ပြောကြားခဲ့ပါတယ်။

ရာမို့စ် ဟာ ရီးရဲမက်ဒရစ် အသင်းကနေ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြောင်းရွှေ့ချင်နေပါတယ်လို့ ရီးရဲမက်ဒရစ် အသင်း ကို ပြောကြားခဲ့ကြောင်း နဲ့ သူဟာ နောက်ရာသီ မှာ ဘာနေဗျူး မှာ ကစားလိမ့်မည် မဟုတ် ဘူးလို့ ပြောကြားခဲ့ပါတယ်။

၂၉ နှစ်သား ဟာ ဘာနေဗျူး ကို ၂၀၀၅ ခုနှစ်ကတည်း ကရောက်ရှိနေပေမဲ့ စိန်ခေါ်မှု အသစ်တွေအတွက် ပရီးမီးယား လိဂ် သို့ ပြောင်းရွှေ့လိုနေတယ်လို့သိရပါတယ်။

မန်ယူ အသင်း ဟာ လက် ရှိနောက်ခံလူ ဖီးလ်ဂျုန်းစ် ကို ၂၀၁၉ ထိ ၄ နှစ် စာချုပ် သက်တမ်း တိုးနိုင်ခဲ့ပြီ ဖြစ်ပြီး ရာမို့စ် သာရောက်ရှိလာပါက နည်းပြ ဗန်ဂါးလ် အနေနဲ့ မန်ယူနောက်တန်းအတွက် လူရွေးချယ်ခွင့် ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

‪#‎KS‬
Football Café


Posted in: | Posted by :

လစာငွေလျှော့ယူပြီး ချယ်လ်ဆီးသို့ ဖယ်လ်ကာအို ပြောင်းရွှေ့

ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းတွင် အောင်မြင်မှုမရခဲ့သည့် ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဖယ်လ်ကာအိုသည် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့နိုင်ရန်အတွက် မန်ယူတွင် ရရှိခဲ့သည့် လစာငွေထက်များစွာ လျှော့ယူခဲ့သည်။ မန်ယူအသင်းတွင် တစ်ပတ်လစာငွေ ပေါင် ၂၈၅,၀၀၀ ရရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်းတွင် ပေါင် ၁၄၀,၀၀၀ သာ ရရှိမည် ဖြစ်သည်။
ချယ်လ်ဆီးသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်တွင် ဖယ်လ်ကာအိုက 'ချယ်လ်ဆီးကို ပြောင်းနိုင်ခဲ့လို့ တကယ်ကို ပျော်ရွှင်မိပါတယ်။ အသင်းနဲ့ လေ့ကျင့်ခန်းစတင်ပြုလုပ်ဖို့ မစောင့်နိုင်တော့သလို အသင်းရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ အမှတ်ပေးဖလားကို ကာကွယ်နိုင်ဖို့၊ ဥရောပမှာ အောင်မြင်မှု ရရှိရေးတို့အတွက် ကူညီပေးဖို့လည်း မစောင့်နိုင်တော့ပါဘူး' ဟု ပြောသည်။

ရာသီသစ်တွင် ဖယ်လ်ကာအိုအနေဖြင့် ၎င်း၏အကောင်းဆုံးပုံစံကို ပြန်လည်ရရှိပြီး ဥရောပထိပ်တန်းတိုက်စစ်မှူးအဖြစ် ပြန်လည် ရပ်တည်နိုင်ခဲ့ပါက ချယ်လ်ဆီးအသင်းမှာ ဖယ်လ်ကာအိုကို အပြီးသတ်ဝယ်ယူခွင့် ရရှိမည် ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဖယ်လ်ကာအိုသည် မန်ယူအသင်းတွင် ကစားခဲ့စဉ်က ၂၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၄ ဂိုးသာ သွင်းနိုင်ခဲ့သည်။
ဖယ်လ်ကာအို၏ အချက်အလက်များ
----------------------------------------
ရေးဗားပလိတ်(၂၀၀၄-၀၉) ၉၀ ပွဲ ၃၄ ဂိုး
ပေါ်တို(၂၀၀၉-၂၀၁၁) ၇၂ ပွဲ ၆၂ ဂိုး
အက်သလက်(၂၀၁၁-၂၀၁၃) ၈၆ ပွဲ ၆၈ ဂိုး
မိုနာကို(၂၀၁၃-၁၄) ၂၀ ပွဲ ၁၁ ဂိုး
မန်ယူ(၂၀၁၄-၁၅) ၂၉ ပွဲ ၄ ဂိုး

ရည်ညွှန်း ဒေးလီးမေးလ်
HYPER SPORTS


Posted in: | Posted by :
Powered by Blogger.

Followers

Follow Templateism

Popular Posts