ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲ မဲခွဲပွဲ ကျင်းပပြီး ဧပြီလ ၂၅ရက်နေ့တွင် စတင်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှကြီးမှူးကျင်းပသည့် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားကို ဧပြီလ ၈ရက်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ကျင်းပြုလုပ် ခဲ့သည်။ မဲခွဲမှုအရ ပထမအဆင့်ပြိုင်ပွဲ ပွဲစဉ်များကို ဧပြီလ ၂၅ရက်နေ့တွင် စတင်ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲသည် ပြီးခဲ့သည့်နှစ်များတွင် မြန်မာနိုင်ဘောလုံးအဖွဲ့ချုပ် ရှုံးထွက်ဖလား အမည်အဖြစ်ကျင်းပခဲ့ပြီး ယခုနှစ်မှစ တင်ကာ အမည်ပြောင်းလဲ ကျင်းပခြင်းဖြစ်သည်။ ထို့နောက်ပြိုင်ကျင်း မမှု စည်းမျဉ်းများကိုလဲ ပြောင်းလဲခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်-၁ အသင်း ၁၂သင်းနှင့် မြန်မာနေရှင်နယ်လိဂ်-၂ မှအသင်း ၁၀သင်းဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယင်းထဲမှ ပထမအဆင့် ရှုံးထွက် ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်-၂ အသင်း ၁၀သင်းနှင့်အတူ တန်းတက် အသင်းဖြစ်သော ရခိုင်နှင့် ဟံသာဝတီတို့ စုစုပေါင်း ၁၂သင်းဖြင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ အနိုင်ရရှိသော အသင်း ၆သင်းမှာ မြန်မာနေရှင်နယ်လိဂ်-၁ အသင်းကြီး ၁၀နှင့်အတူ ၁၆သင်း ရှုံးထွက်အဆင့်ကို ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်အောင်တန်းဒိုင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်မှစတင်ပြီး အိမ်ကွင်း၊ အဝေးကွင်း စနစ် ဖြင့်ကျင်းပ သွားမည် ဖြစ်ကာ ဆုကြေးငွေများ ကိုလည်း ဆီးမီးဖိုင်နယ်အဆင့် မှစတင် ချီးမြှင့်သွားမည်ဖြစ်သည်။ ဆုချီးမြှင့်မှုအဖြစ် ဆီမီးဖိုင်နယ် အဆင့်ရောက်ရှိစသည့် အသင်းများမှာ ကျပ် ၇၅သိန်း ရရှိမည်ဖြစ်ပြီး ချန်ပီယံအား ကျပ်သိန်း ၃၀၀နှင့် ဒုတိယဆုအား ကျပ်သိန်း ၁၅၀ ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ ပထမအဆင့်၊ ၁၆သင်းရှုံးထွက်နှင့် ကွာတားဖိုင်နယ်ပွဲစဉ်များအား ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်း တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

ပထမအဆင့်ပွဲစဉ်များ

စဉ် နေ့ အသင်း အချိန် ကွင်း

၁။ ၂၅-၄-၂၀၁၅ မောရဝတီ - Horizon ၄း၀၀ သုဝဏ္ဏ

၂။ ၂၅-၄-၂၀၁၅ ဟံသာဝတီ - ဖုန်ဂန် ၄း၀၀ အောင်ဆန်း

၃။ ၂၆-၄-၂၀၁၅ မြဝတီ - GFA ၄း၀၀ သုဝဏ္ဏ

၎။ ၂၆-၄-၂၀၁၅ ငွေကြယ်ပွင့် - တက္ကသိုလ် ၄း၀၀ အောင်ဆန်း

၅။ ၂၇-၄-၂၀၁၅ ဆောက်သမ်း - Best United ၄း၀၀ အောင်ဆန်း

၆။ ၂၇-၄-၂၀၁၅ ဒဂုံ - ရခိုင် ၄း၀၀ သုဝဏ္ဏ

MKZ - Planet Myanmar


Posted in:

0 comments for "ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲ မဲခွဲပွဲ ကျင်းပပြီး ဧပြီလ ၂၅ရက်နေ့တွင် စတင်မည်"

Leave a reply

Powered by Blogger.

Followers

Follow Templateism

LATEST POSTS

Popular Posts